On 24 July 2026, the Burma Research Institute (BRI) hosted the 8th Hybrid Congressional Briefing on Burma in Washington, D.C., United States.
၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့၊ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် Burma Research Institute (BRI) က စီစဥ်ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် မြန်မာနိုင်ငံနှင့်သက်ဆိုင်သော အမေရိကန်၏ အမျိုးသားအကျိုးစီးပွားများကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးတို့တက်ရောက်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှုများ (online scams)၊ ဒေသတွင်းတည်ငြိမ်ရေး (regional stability)နှင့် ကုန်သွယ်ရေး၊ရင်းနှီးမြှပ်နှံမှု(trade and investment) စသည့် အကြောင်းအရာများကို ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။
အဆိုပါကြားနာပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က အဓိကမိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့်လည်း အပြန်အလှန်ရင်းနှီးနွေးထွေးစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
.

