အမေရိကန်နိုင်ငံတွင်ကျင်းပသည့် (၈)ကြိမ်မြောက် Hybrid Congressional Briefing on Burma ကြားနာပွဲ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့

On 24 July 2026, the Burma Research Institute (BRI) hosted the 8th Hybrid Congressional Briefing on Burma in Washington, D.C., United States.
၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့၊ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် Burma Research Institute (BRI) က စီစဥ်ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် မြန်မာနိုင်ငံနှင့်သက်ဆိုင်သော အမေရိကန်၏ အမျိုးသားအကျိုးစီးပွားများကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးတို့တက်ရောက်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှုများ (online scams)၊ ဒေသတွင်းတည်ငြိမ်ရေး (regional stability)နှင့် ကုန်သွယ်ရေး၊ရင်းနှီးမြှပ်နှံမှု(trade and investment) စသည့် အကြောင်းအရာများကို ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။
အဆိုပါကြားနာပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က အဓိကမိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့်လည်း အပြန်အလှန်ရင်းနှီးနွေးထွေးစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
.
Scroll to Top